မိုင်းတုံ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.ကမိုင်းတုံ စာသင်ကျောင်းခန်းတွင် ယနေ့နံနက်ပိုင်းက သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဖော်ဆောင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းဖော်ဆောင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးရခြင်းရည်ရွယ်ချက်ကို အကျယ်တစ်ဝန်းရှင်းလင်းပြီး အ.ထ.ကမိုင်းတုံ ကျောင်းအုပ်ဆရာမကြီးဒေါ်သွယ်သွယ်ဟန်က သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဖော်ဆောင်နိုင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းကလည်းကောင်း၊ မြို့နယ်မီးသတ်မှ မြို့နယ်တာဝန်ခံဦးစိုင်းမင်းမင်းထွေးမှလည်းကောင်ဆွေးနွေးပေးခဲ့ပြီးနောက် အထက်တန်ပြဆရာမဒေါ်အေးသိင်္ဂီချောက သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဖော်ဆောင်ရေးလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့်လိုအပ်ချက်များ၊ အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းပြီးဆောင်ရွက်ထားမှုများကို တက်ရောက်လာသောပရိတ်သက်များအား လိုက်လံပြသပေးနေမှုကို စိတ်ပါဝင်စားစွာကြည့်ရှုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးမှ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)