ဇေယျာသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်

ဇေယျာသီရိ စက်တင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဇေယျာသီရိခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဆွေ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇေယျာသီရိခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်၊ ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် တာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေဦးစီးမှူး ဦးအောင်ခိုင်ဆွေက သင်တန်းတွင် သင်ကြားပို့ချမည့် အကြောင်းအရာများနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။   

အဆိုပါ သင်တန်းသို့ ဇေယျာသီရိခရိုင်အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၁၅ ဦး တက်ရောက်သင်ကြားပြီး စက်တင်ဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပြည်ထောင်စုနယ်မြ၊ နေပြည်တော်အဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့ကြသော သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် ဆွေးနွေးပို့ချပေးပြီး အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)