တံတားဦး စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ကုန်ဈေးနှုန်းတည်ငြိမ်လျော့ချရေးအတွက် ယနေ့ နံနက်(၉)နာရီက ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် ပြည်သူများအား ဆီကိုယ်စားလှယ်များထံတွင် အလှည့်ကျတန်းစီစနစ်ဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်(၇၂၀၀)ကျပ် တစ်အိမ်ထောင်လျှင် စားအုန်းဆီ တစ်ပိဿာနှုန်း ရောင်းချပေးလည်းသိရသည်။
တံတားဦးမြို့နယ်အနေဖြင့် ပြည်သူများ သက်သာသောနှုန်းထားဖြင့် ပြည်သူများအား စားသုံးဆီများ ရောင်းချရာတွင် အိမ်ထောင်စု တစ်စုလျှင် စားသုံးဆီ(၁)ပိဿာလျှင် ငွေကျပ်( ၇၂၀၀)ဖြင့် ရောင်းချပေးကြောင်း၊ ထိုသို့ရောင်းချရာတွင် စားသုံးဆီ လာရောက်ဝယ်ယူရာတွင် မှတ်ပုံတင်မိတ္တူ (၁)ခုနှင့် အိမ်ထောင်စု မိတ္တူတစ်ရွက် ပါရှိရမည်ဖြစ်ကြောင်းလည်း သိရသည်။
ရဲတင့်(ပြန်/ဆက်)