မိုင်းပျဉ်း စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ယန်းမိုင်ကျေးရွာတွင် နိုင်ငံတော်မတည်ငွေဖြင့် ဆောက်လုပ်မည့်ကျေးရွာစာကြည့်တိုက် မြေနေရာပန္နက်တင်အခမ်းအနားကို ယနေ့နံနက်(၈)နာရီက အဆိုပါကျေးရွာ စာကြည့်တိုက်မြေနေရာ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်နှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမောင်မောင်ခိုင်တို့က အမှာစကားပြောကြားပြီး၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာအုပ်စာပေများကို အခမဲ့အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်မှ ရပ်ကွက်၊ ကျေးရွာများတွင် စာကြည့်တိုက်များဆောက်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာနေပြည်သူများအား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက စာကြည့်တိုက်တည်ဆောက်ရန် သတ်မှတ်နေရာအသီးသီးတွင် အုတ်မြစ်ချခြင်းနှင့် ပန္နက်ရိုက်၍ အမွှေးနံ့သာရည်များပက်ဖျန်းကြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)