မိုင်းစံမြို့တွင်  စာဖတ်ရှိန်မြှင့်တင်ရေး စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းစံ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုး သူများအသင်း(Book Club)အဖွဲ့တို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ ဖလှယ်တက်စေရန်နှင့် အချင်းချင်း ရင်းနှီးချစ်ကြည်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 ယင်းနောက်  မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက " မှားမှာကို မကြောက်ပါနဲ့" ခေါင်းစဉ်ဖြင့်  ဦးဆောင်ဆွေးနွေးပြီး (Book Club)အဖွဲ့မှ အဖွဲ့ဝင်ဦးလင်းထိုက်က “လူငယ်နှင့် စူးစမ်းလ့လာမှုများ” ခေါင်းစဉ်ဖြင့် လည်ကောင်း၊ ဦးချစ်စမ်းမောင်က " အမြင်တွေနဲ့တည် ဆောက်ခြင်း"  ခေါင်းစဉ်ဖြင့်လည်းကောင်း၊    စာပေချစ်မြတ်နိုးသူ မောင်ရန်အောင်ထွန်းက "စွန်လိုက်တဲ့ပွဲ" ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မယွန်းနန္ဒီမြင့်ဇင်က "အသုံးကျခြင်းနှင့် နှလုံးလှခြင်း"ခေါင်းစဉ်ဖြင့်လည်ကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကို အပြန်အလှန် မျှဝေခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)