ထန်းတပင်မြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ အသိပညာပေးဟောပြော

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၃

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေးရှင်းလင်းရာတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌဦးနိုင်နိုင်ဦးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူး ဦးခင်ဆွေက ရပ်ကွက်/ ကျေးရွာအုပ်စုသန်းခေါင်စာရင်းကော်မတီများအား ၂၀၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာသိကောင်းစရာများ၊ စာရင်းစစ်/စာရင်းကောက်များ အပြည့်အဝတာဝန် ထမ်းဆောင်နိုင်ရန်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများနှင့် ရပ်ကျေးသန်းခေါင်စာရင်းကော်မတီများမှ စီစဥ်ဆောင်ရွက်ပေးရမည့်လုပ်ငန်းများ၊ သန်းခေါင်စာရင်းဥပဒေနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို Power Point ဖြင့် အသိ​ပညာပေးရှင်းလင်းခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာအုပ်စုသန်းခေါင်စာရင်းကော်မတီဝင်များက မိမိသိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်ဦးစီးမှူး ဦးခင်ဆွေကပြန်လည်၍ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)