ကျိုင်းလပ်မြို့၌ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများအကြောင်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ကျိုင်းလပ် စက်တင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာလ (၁) ရက်နေ့  မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်က မိုင်းပါလျှိုးအုပ်စု၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ဥက္ကဋ္ဌ ဦးမောင်မောင်သာနှင့် အတွင်းရေးမှူး ဦးရဲမင်းထက်တို့က လယ်ယာမြေလုပ်ပိုင်ခွင့် ရသူများ၏ အခွင့်အရေး၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားဖြေရှင်းခြင်းနှင့် အယူခံခြင်းစသည့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊  နည်းဥပဒေနှင့်ပတ်သတ်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မိုင်းပါလျှိုးအုပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလူကြီးများနှင့် တောင်သူများ စုစုပေါင်းအင်အား (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)