မြစ်သားမြို့နယ် ရပ်ကွက်ကြီးများအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန် စေရန်အတွက် ရေနုတ်မြောင်းများတွင် အမှိုက်များနှင့်နုန်းများကို ဆယ်ယူခြင်းလုပ်ငန်းဆောင်ရွက်

မြစ်သား စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  မြို့အစဉ်အမြဲသန့်ရှင်းလှပစေရန်နှင့် ပြည်သူများစည်းကမ်းတကျအမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများတွင် အမှိုက်များနှင့် နုန်းများကို ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများသည် အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် သဲ၊ နုန်းနှင့် ရွှံ့နွံများ ဆယ်ယူရှင်းလင်းခြင်း သစ်ရွက်‌ခြောက်များနှင့် အမှိုက်များဆယ်ယူခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

မြို့ပြသန့်ရှင်း သာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးအောင်၏   ကြီးကြပ်မှုဖြင့် ဝန်ထမ်များပူးပေါင်းအဖွဲ့က အမှိုက်သိမ်းယာဉ်တစ်စီးဖြင့် မြို့အတွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားရှိသည့် လမ်းဘေး(ဝဲ၊ယာ)များ၌  အုတ်ရေနုတ်မြောင်းများရှိ သဲ၊ နုန်းနှင့်ရွှံ့နွံများ၊ သစ်ရွက်ခြောက်များနှင့် အမှိုက်သရိုက်များကို ရေစီး၊ ရေလာကောင်းမွန်စေရန်နှင့်ဒေသခံပြည်သူလူထုကျန်းမာ ရေးဆိုးကျိုး အန္တရာယ်ကင်းဝေးစေရန် စနစ်တကျ ဆယ်ယူရှင်းလင်းခြင်းလမ်းဘေးတစ်လျှောက်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)