ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေ့စားဝန်ထမ်းများအား ကျန်းမာရေးမှူး(၄)သင်တန်းဖွင့်ပွဲကျင်းပ

ရမည်းသင်း  စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေ့စားဝန်ထမ်းများအား ကျန်းမာရေးမှူး(၄)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းကကျန်းမာ​ရေးမှူး(၄)ဝန်ထမ်းများ၏ တာဝန်များဖြစ်သည့် ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာတိုးပွားရေး၊ ကျန်းမာရေးစာရင်းအချက်အလက် စနစ်တကျကောက်ယူရေး၊ ပူးပေါင်းဆောင်ရွက်ရသည့်လုပ်ငန်းများ၊ ကြိုတင်ကာကွယ်ခြင်းဟာကုသခြင်းထက် ပိုမိုထိရောက်စေကြောင်း၊ သင်တန်းကပို့ချသည့် သင်ခန်းစာများနှင့် လက်တွေ့နယ်ပယ်မှာ ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် အခက်အခဲများကျော်လွှာပြီးပြည်သူများရဲ့ ကျန်းမာရေးကဏ္ဍ ပိုမိုထိ‌‌​ရောက်အောင်တတ်စွမ်းသမျှ ကြိုးစားကြစေ‌လိုကြောင်းပြောကြားပြီး ရမည်းသင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နီနီဝင်းမှအဖွင့်အမှာစကား​ပြောကြားရာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သင်တန်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခန့်ထားပြီးသည့်နေ့စားဝန်ထမ်း(၁၈၁)ဦးအနက်မှ ကျန်းမာရေးမှူး(၄) သင်တန်းသားအရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီသော သင်တန်းသား(၁၆၄)ဦးအား သင်တန်းကာလ(၆)လကြာ စာတွေ့၊လက်တွေ့သင်ကြားရန် အန္တ​​လေးတိုင်း​ဒေသကြီး အဆင့်သင်တန်းအား (၁)မဟာအောင်မြေ ခရိုင်ပြည်သူ့ကျန်းမာရေဦးစီးဌာန၌ သင်တန်းသား (၇၇)ဦး၊ (၂)ရမည်းသင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင်တို့မှ သင်တန်းသား(၈၇)ဦးတို့ကို ခရိုင်(၂)ခု ခွဲ၍ သင်ကြားသွားမည်ဖြစ်ကြောင်း ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)