ကျောက်ဆည် စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဖွံ့ဖြိုးရေး၊ သန့်ရှင်းသာယာလှရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အေးမြကြည်လင်ဈေးပတ်လမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းပေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေ (၅၇.၆၇၃) ကျပ်သန်း အကုန်အကျခံကာ လမ်းအရှည်(၁၀၉၈)ပေ၊ အကျယ်(၁၈)ပေ၊ ထု(၉)လက်မ ခင်းပေးခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သာယာလှပရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်နေရာများတွင် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)