အင်းစိန်မြို့နယ် အမြင်သစ်စာကြည့်တိုက် မင်္ဂလာပန္နက်တင်အခမ်းအနား ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ အမြင်သစ်စာကြည့်တိုက် မင်္ဂလာပန္နက်တင်အခမ်းအနားကို ယနေ့နံနက် (၉) နာရီ (၄၅) မိနစ်က မြို့သစ်(ဂ)ရပ်ကွက်ရှိ အမြင်သစ်စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မင်္ဂလာပန္နက်တင်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဆရာဦးဟိန်းလတ်၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအဖွဲ့ဝင် မြောက်ပိုင်းခရိုင်တာဝန်ခံဆရာ ဦးဘိုကြည်၊ အင်းစိန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအုန်းရွှေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ အင်းစိန်မြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းအောင်၊ အမြင်သစ် စာကြည့်တိုက် ဦးဆောင်နာယက ဦးစန်းလွင်နှင့် Father Country Company Limited (Managing Director) ဦးကျော်နိုင်တို့က သတ်မှတ်နေရာ အသီးသီးတို့တွင်  ပန္နက်ကိုးချက်ရိုက်ပြီးနောက် အမွှေးနံ့သာများ ပက်ဖျန်းခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)