မြစ်ကြီးနား စက်တင်ဘာ ၁
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော 10th Tournament of Hole in One Group ၏ မိုးရာသီဂေါက်သီးရိုက်ပြိုင်ပွဲကို ယမန်နေ့နံနက် ၆ နာရီခွဲက မြစ်ကြီးနားဂေါက်ကလပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြိးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
ရှေးဦးစွာ မိုးရာသီဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ မြစ်ကြီးနားဂေါက်ကလပ်မှ တာဝန်ရှိသူများ၊ 10th Tournament of Hole in One Group မှ တာဝန်ရှိသူများက မီခိုးဘောလုံးကို ရိုက်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ညပိုင်းတွင် City Park Royal စားသောက်ဆိုင်ခန်းမ၌ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ 10th Tournament of Hole in One Group နာယက တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်ဝန်ကြီးချုပ်ထံ ပြိုင်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ကူညီပံ့ပိုးပေးခဲ့သူများအား ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ဆုများကို ချီးမြှင့်ရာ ပြိုင်ပွဲကျင်းပရေးအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြိုင်ပွဲတွင် သတ်မှတ်ချက်အလိုက် တစ်ဦးချင်းရိုက်ချက်အကောင်းဆုံးဆုရရှိသူများ၊ လူငယ်မျိုးဆက်သစ်ကစားသမားဆုရရှိသူများ၊ အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသူများ၊ သက်ကြီးတန်းဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဧည့်သည်တော်ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီဂေါက်သီးရိုက်ပြိုင်ပွဲတွင် အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် အရံဆုရရှိသူများနှင့် Hole in One ဆုရရှိသူတစ်ဦးအားလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်