အမှတ် (၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေး စာသင်ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပေး

ကျောက်ဆည် စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အမှတ် (၅) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင်(၆၀x၃၀)ပေ စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

အမှတ်(၅)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် KG တန်း၌ ကျောင်းသား/ ကျောင်းသူ(၂၅)ဦး၊ Grade-1 အတန်း၌ (၂၇)ဦး၊ Grade-2 အတန်း၌ (၄၃)ဦး၊ Grade-3 အတန်း၌(၄၈)ဦး၊ Grade-4 အတန်း၌(၂၇)ဦး၊ Grade-5 အတန်း၌(၁၇)ဦး၊ Grade-6 အတန်း၌(၁၅)ဦး စုစုပေါင်းကျောင်းသား/ကျောင်းသူ (၁၈၇)ဦးအား ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ/ဆရာမ(၁၁)ဦးမှ တာဝန်ယူ၍ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အသစ်ဆောက်လုပ်ပေးသာ (၆၀x၃၀) ပေ Steel Structure စာသင်ကျောင်းဆောင်အသစ်အား နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ (၃၃၃.၁၀၉) ကျပ်သန်း အကုန်အကျခံကာ အောင်ကျော်မျိုးဇံဆောက်လုပ်ရေးကုမ္မဏီမှ တာဝန်ယူကာ ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါကျောင်းသည် ဘောဂဝတီအုပ်စု၊ ပေါက်တောရပ်ကွက်တွင် တည်ရှိပြီး ၁၉၅၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အကျယ်အဝန်းအားဖြင့် အလျား(၁၃၀)ပေ၊ အနံ(၉၀)ပေ၊ ဧရိယာ(၀.၂၇)ဧက ကျယ်ဝန်းကြောင်း  သိရသည်။ 

သက်မောင်(ကျောက်ဆည်)