တွံတေးမြို့နယ်တွင် အသက် (၁၄) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ

တွံတေး စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အ‌ခြေခံပညာကျောင်းပေါင်းစုံအသက် (၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မြို့မအားကစားတွင် ယမန်နေ့နံနက် ၈နာရီက  ကျင်းပသည်။

ပြိုင်ပွဲကိုကျင်းပရာ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ပိုင်စိုးက ပြိုင်ပွဲဝင်ကျောင်းသားများအား အားကစားသမားများအနေဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြရန်၊ နိုင်ငံ့ကိုယ်စားပြုအားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်ရန်နှင့် အကောင်းဆုံးယှဉ်ပြိုင်ကစားကြရန်‌ ပြောကြားပြီး ဗိုလ်လုပွဲကစားမည့် အ.ထ.က (၁) တွံတေးနှင့် အ.ထ.က(ခွဲ) ခလုပ်မှ ကျောင်းသားများအား လိုက်လံနှုတ်ဆက်ခဲ့သည်။   

အဆိုပါ အ‌ခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အသင်း(၄)သင်း နှစ်သင်းပတ်လည် ယှဉ်ပြိုင်ကစားကြပြီး ဗိုလ်လုပွဲစဥ် ယှဥ်ပြိုင်ကစားကြရာတွင် အ.ထ.က(ခွဲ) ခလုပ်အသင်းက အ.ထ.က (၁) တွံတေးအသင်းကို ငါးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိကာ အ.ထ.က(ခွဲ)ခလုပ်အသင်းက ပထမ၊ အထ.က (၁) တွံတေးက တိယရရှိကြောင်း သိရသည်။

ထို့နောက် ဆုပေးပွဲကျင်းပရာ ပထမဆု၊ ဒုတိယ၊တတိယဆု၊ အသန့်ရှင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုများကို တာဝန်ရှိသူများက ချီးမြှင့်ပေးခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

တွံတေးသား