လွိုင်လင် စက်တင်ဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လွိုင်လင်မြို့နယ်၊ နောင်ခမ်း(နောင်ဟိုင်း) ကျေးရွာမှ တောင်သူများအား ဒေသဝက် (၅၀)ကောင် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်နောက်ကျေးရွာအုပ်စု အခြေခံပညာအလယ်တန်းကျောင်းခွဲ ခန်းမ၌ ပြုလုပ်ပါသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ဆန်းဝင်းတို့က အသီးသီး အမှာစကား ပြောကြားပြီးနောက် မြို့နယ်ဦးစီးမှူး ဒေါက်တာစိုင်းအေးလှိုင်က မွေးမြူရေးဘဏ်စနစ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တောင်နောက်ကျေးရွာအုပ်စု၊ နောင်ခမ်းကျေးရွာနေ ဒေသခံတောင်သူ အိမ်ထောင်စု (၁၀)စုအား တစ်အိမ်ထောင်လျှင် ဒေသဝက် (၅) ကောင်နှုန်းဖြင့် တာဝန်ရှိသူအကြီးအကဲများက ဖြန့်ဖြူးပေးအပ်ခဲ့သည်။
အဆိုပါ ဒေသဝက် (၅၀) ကောင်အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း၊ ၎င်းဝက်များကို မွေးမြူရေးဘဏ်စနစ်ဖြင့် မွေးမြူမည့် တောင်သူများထံ ဖြန့်ဖြူးပေးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လွိုင်လင်မိုး