မုဒုံမြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

မုဒုံ စက်တင်ဘာ ၁

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က မြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ်ဦးစီးမှူး ဦးဆန်းဦးက ကြီးကြပ်၍ ဝန်ထမ်းများက နှီးပဒေါကျေးရွာအုပ်စု အ..က(ခွဲ)စာသင်ကျောင်းမှ ကျောင်းသား/ သူများအား အသက် (၁၀)နှစ်ပြည့် နိုင်- (က) နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျား ()ဦး၊ မ (၁၇)ဦး စုစုပေါင်း (၂၂)ဦး တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မုဒုံမြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို ရပ်ကွက်/ ကျေးရွာများရှိ ဒေသခံပြည်သူများအား အသက် (၁၀)နှစ်ပြည့် နိုင်- (က)၊ အသက် (၁၈)နှစ်ပြည့် နိုင်- (က) နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေစာရင်းများကို သတ်မှတ်ရက်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)