မိုင်းယောင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း (အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မိုင်းယောင်း ဩဂုတ် ၃၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း(အမျိုးသမီး) ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗိုလ်လုပွဲတွင် J.R(FC) အသင်းနှင့် ဝမ်မွန်လူငယ်အမျိုးသမီးအသင်းသို့ ယှဉ်ပြိုင်ကစားခဲ့ရာ  မိနစ် (၉၀) အတွင်း ဂိုးမရှိ သရေကျပြီး ပိုင်နယ်တီအဆုံးအဖြတ်ဖြင့် J.R(FC )အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းဦးက ပထမဆုရရှိသည့် J.R(FC)အသင်းကို ပထမဒိုင်းဆုဖြင့်လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ဒုတိယဆုရရှိသည့် ဝမ်မွန်လူငယ်အမျိုးသမီးအသင်းအားလည်းကောင်း၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုင်းခမ်းလူးက နှစ်သိမ့်ဆုရရှိသည့် အ.လ.က(တပ်တွင်း)ကျောင်းအသင်းအားလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တတိယဆုရရှိသည့် Galaxy Seven အသင်းအားလည်းကောင်း၊ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)