လှိုင်မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

လှိုင် ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို လှိုင်မြို့နယ် အ.လ.က(၈)လှိုင်ပညာခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်အးချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အဖွင့်စကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်နမ့်မီမီသိန်းက သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး သိမှတ်စရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက လူငယ်များဗလငါးတန်တိုးတက်စေရေး ကြိုးစားသင့်ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမျိုးမင်းသန်းက အားကစားနှင့်လူငယ်ရေးရာ အကြောင်းအရာများကို ဟောပြောဆွေးနွေးကြသည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမူ့ရေးအသင်းအဖွဲ့များ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)