မူဆယ် ဩဂုတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံဥပဒေရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီ ပြုလုပ်သည်။
ရှေးဦးစွာ ပြည်သူ့ဆေးရုံးက ဒေါက်တာအောင်ကျော်ဇောက မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး ဟောပြောသည်။ ထို့နောက် မူဆယ်ခရိုင် ဥပဒေအရာရှိ ဦးဆန်းထွဋ်က ကျောင်းသား/သူများ အခြေခံဥပဒေရေးရာများအကြောင်းကို အသိပညာပေး ဟောပြောသည်။ ကျောင်းသား/သူများက ဥပဒေရေးရာသိရှိလိုသည့် အကြောင်းအရာများကို မေးခွန်းများမေးမြန်းကြရာ ခရိုင်ဥပဒေအရာရှိက အသေးစိတ်ဖြေကြားပေးသည်။
ဆက်လက်ပြီး မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောသည်။ ထို့ပြင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်မွန်စံနှင့်ဝန်ထမ်းများက ဥပဒေအကြောင်းအရာများကို အသိပညာပေး ဆွေးနွေးကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)