ရန်ကုန် သြဂုတ် ၃၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များ မိမိတို့ဝန်းကျင်ရှိသစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံ မျိုးကွဲများကို ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် စင်ကာပူ - မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အလုံမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးသူ မှသစ်တော၊ သစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များ၏ အခြေခံအကြောင်းအရင်းများကို အသိပညာပေးဟောပြောပေးခဲ့ရာ ဆရာ၊ ဆရာမ၊ သင်တန်းသား၊ သင်တန်းသူ (၇၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း