ဗဟန်းမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရန်ကုန် သြဂုတ် ၃၀

သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းတို့ကို ပြည်သူလူထုအတွင်း နိုးကြားသော အသိစိတ်ဓာတ်ရှင်သန်စေရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းတွင် ယနေ့နံနက် (၁၁) နာရီခွဲအချိန်က သစ်တောဦးစီးဌာနက ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် အလုံမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မျိုးသူက သစ်တောသစ်ပင်များ၏တန်ဖိုးကိုသိရှိနားလည်စေရန်နှင့် သစ်ပင်များစနစ်တကျစိုက်ပျိုးပြုစုတတ်စေရန် သရုပ်ပြစိုက်ပျိုးခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာသိန်းသိန်းအေးနှင့် ဆရာ၊ ဆရာမ (၂၀) ဦး၊ သင်တန်းသူ၊ ကျောင်းသူ (၆၀) ဦး၊ သစ်တောဝန်ထမ်း (၇) ဦးတို့က ခရေပင် (၁၀၀)၊ ငု (၅၀) ပင်၊ ကံ့ကော် (၅၀) ပင်၊ စုစုပေါင်း (၂၀၀) ပင်အား စုပေါင်း၍စိုက်ပျိုး​ပေးခဲ့ကြောင်း သိရသည်။

မောင်အေးချမ်း