စဉ့်ကိုင် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာ၊ ကျောက်ဆည်တက္ကသိုလ် (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော အထိမ်းအမှတ်ပြပွဲ/ပြိုင်ပွဲ၌ ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာရီရီဦးနှင့် တာဝန်ရှိသူများက ကျောက်ဆည်တက္ကသိုလ် (၂၂) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျင်းပပြုလုပ်ခဲ့သော အထိမ်းအမှတ်ပြပွဲ/ပြိုင်ပွဲ၌ ထူးချွန်ဆုရရှိခဲ့သော ကျောင်းသား/ သူများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ကျောင်းသား/ သူများက တက်ရောက်လာကြသူများအား တေးသရုပ်ဖော်အကအလှများဖြင့် ကပြဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦးနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ကထိကများ၊ နည်းပြ / သရုပ်ပြဆရာ/ မများနှင့် နေ့သင်တန်းကျောင်းသား / သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)