ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ဟိုပုံး ဩဂုတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့က လွယ်အွန့်ကျေးရွာအုပ်စု၊ ဝါးဆို့ကျေးရွာနှင့် စခွီကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သင်းဦးတို့က လွယ်အွန့်ကျေးရွာအုပ်စု၊ ဝါးဆို့ကျေးရွာတွင် မြေပြိုဘေးအန္တရာယ်နှင့်ပတ်သက်၍ လှည့်လည်ဆော်ဩပြီးနောက် ဒေသခံပြည်သူများအား မြေပြိုဘေးအန္တရာယ်နှင့်ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် လွယ်အွန့်ကျေးရွာအုပ်စု၊ စခွီကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးမှ ကျောင်းသား၊ ‌ကျောင်းသူများအား အသိအလိမ္မာနှင့် ပညာဗဟုသုတများရရှိနိုင်စေရေး စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှား၊ အမှန် ခွဲခြားတတ်ပြီး အသိပညာများ ရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ၊ ရသ စာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ စာအုပ်များ လာရောက်ငှားရမ်း ဖတ်ရှုစေလိုကြောင်းနှင့် လူကုန်ကူးမှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေဇင်ဝင်းအောင်မှ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ မြေပြိုဘေးအန္တရာယ်နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့်ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သင်းဦးမှ ကျောင်းသား၊ ကျောင်းသူများအား ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)