လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ဥပဒေဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

လှည်းကူး သြဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လှည်းကူးပညာရေးဒီဂရီကောလိပ် ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၂) ဦးခင်ဇော်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်နီလာဇော်ဝင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများကို အခြေခံအသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကသိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ကြပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။

အခမ်းအနားသို့ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ မြို့နယ်ဥပဒေအရာရှိနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)