ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံစက်ချုပ်နည်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အမရပူရ သြဂုတ် ၃ဝ

ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော   ယနေ့နံနက် ၉ နာရီအချိန်က ဆောင်းဒါးရက်ကန်းကျောင်း ဘက်စုံခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ထို့နောက်သင်တန်းတွင် ဆုရရှိသူများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းတို့က ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ဆက်လက်ပြီး သင်တန်းဆင်းလက်မှတ်များကိုမန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးဦးအောင်မျိုးလွင်က စက်ချုပ်သင်တန်းသူတစ်ဦးအား သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ခဲ့သည်။ သင်တန်းသူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)