ကမာရွတ်မြို့နယ်၌ ပန်းချီပြိုင်ပွဲနှင့်​ဟော​ပြောပွဲကျင်းပ

ရန်ကုန် ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသော “ဆေးလိပ်ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်” ခေါင်းစဉ်ဖြင့် ​ဟော​ပြောပွဲ၊ ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၂)အ​ခြေခံပညာမူလတန်း​ကျောင်း ပညာတန်​ဆောင်ခန်းမ၌ ကျင်းပသည်။
ယင်းသို့ကျင်းပရာ၌ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်(၂)က​ ​ဆေးလိပ်နှင့်​ဆေးရွက်ကြီးအန္တရာယ်အကြောင်းကို အသိပညာ​ပေးဟော​ပြော​ပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများမှ အသီးသီးချီးမြှင့်ပေးခဲ့ကြပါသည်။
ထို့​နောက်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ဆေးလိပ်ဆေးရွက်ကြီးသောက်သုံးမှုနှင့်ပတ်သက်သည့် အသိပညာပေးပိုစတာများကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)