မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များရှိ ကျေးရွာချင်းဆက်လမ်းများ ကတ္တရာခင်းလုပ်ငန်းနှင့် တံတား တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မိတ္ထီလာ သြဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး  မိတ္ထီလာမြို့နယ်နှင့် သာစည်မြို့နယ်များရှိ ကျေးရွာချင်းဆက်လမ်းများ ကတ္တရာခင်းလုပ်ငန်းနှင့် တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေ ၁၂၂.၅၇၀ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီး Unique Design Company မှ တာဝန်ယူ၍  ဇွန်လ ၆ ရက်နေ့မှ စတင်၍ မြင်းခြံလမ်းမှ ရေချိုဘူတာ-ရွာသာလမ်းအား အရှည် ၀/၃မိုင် ၊အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ ၁၆၉.၂၆၀ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း အရှည် ၀/၄ မိုင် အကျယ် ၁၂ ပေ ထု ၁၅ လက်မရှိ ကတ္တရာ ခင်းခြင်းလုပ်ငန်းကို မေလ ၂၁ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်လျက်ရှိသည့် ကတ္တရာခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းအိလှိုင်တို့က ရှင်းလင်းတင်ပြရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက် ရှိသည့်  ကျေးရွာချင်းဆက်လမ်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြီးမီစွာ ပြီးစီးနိုင်ရေးနှင့် လမ်းများ ရေရှည်တည်တံ့အောင်  ကျေးရွာသူကျေးရွာသားများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ  ၁၃၈.၇၄၀ သန်းဖြင့် သာစည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီး  TTT Brother Company မှ တာဝန်ယူ၍  ဇွန်လ ၅ ရက်နေ့မှစတင်၍  သူဌေးကုန်း-ဆူးပုတ်ကန်-ချောင်းစောက်ရိုးလမ်းပေါ်ရှိ အရှည် ပေ ၄၀၊ အကျယ် ပေ ၂၀ ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေ ၇၉.၈၅၆ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့်  မိတ္ထီလာ-တောင်ကြီးကားလမ်းမှ ကြက်မောက်-ဇီးတောလမ်း အရှည် ၀/၄ မိုင် အကျယ် ၁၆ ပေ ထု ၁၄ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို မေလ ၂၃ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ ဆောင်ရွက်လျက် ရှိသည့် ကတ္တရာခင်းခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် ခရိုင်ဦးစီးမှူး ဒေါ်နှင်းနှင်းအိလှိုင်တို့ က ရှင်းလင်းတင်ပြရာဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့်  ကျေးရွာချင်းဆက်လမ်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြီးမီစွာ ပြီးစီးနိုင်ရေးနှင့် လမ်းများ ရေရှည်တည်တံ့အောင်  ကျေးရွာသူကျေးရွာသားများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)