စဉ့်ကိုင်မြို့နယ် မုန့်ပေါင်း-ဇော်ဂျီ-ရွာသစ်- ကန်ကြီး ကျေးရွာချင်းချိတ်ဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စဉ့်ကိုင် ဩဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၃၇.၁၇)သန်းဖြင့် မုန့်‌ပေါင်း- ဇော်ဂျီ- ရွာသစ်- ကံကြီး‌ ကျေးရွာချင်းချိတ်ဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း‌ဆောင်ရွက်နေမှုအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့သို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝါတို့က လိုက်လံကြည့်ရှုစစ်‌ဆေးခဲ့ကြပြီး လိုအပ်သည်များအား လမ်းညွှန်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါလမ်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၃၇.၁၇)ဖြင့် အရှည် ၃ဖာလုံ၊ အကျယ် ၁၂ပေ၊ အမြင့် ၇လက်မထုခင်ကျင်းမည်ဖြစ်ပြီး ပြီးစီးမှုမှာ ၇၀ ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ၎င်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးပါက ကျေးရွာ (၃)ရွာမှ အိမ်ခြေ(၇၅၀)မှ လူဦးရေ(၃၄၀၀)ဦးတို့၏ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိဇာထွေးထံမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)