ပင်လောင်းမြို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပိုင်းဆိုင်ရာ‌ အခြေခံအသိအမြင် ဟောပြောပို့ချမှုအခမ်းအနား ကျင်းပ

ပင်လောင်း ဩဂုတ် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ   အထက်တန်းဆင့်သင် ကျောင်းသား/ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပိုင်းဆိုင်ရာ‌ အခြေခံအသိအမြင် ဟောပြောပို့ချမှုအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်သော်တာလှမင်းထွန်းက ဖွဲ့စည်းပုံအခြေခံဥပဒေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများ၊ ကလေးသူငယ်စောင့်ရှောက်မှုဥပဒေများနှင့် ရာဇသတ်ကြီးပုဒ်မအကြောင်းများ ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ ပင်လောင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းဆင့်သင် ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)