လှိုင် ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို လှိုင်မြို့နယ် အ.ထ.က(၃)ကျောင်းခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အဖွင့်စကားပြောကြားပြီး ခရိုင်ကုသရေဦးစီးဌာနမှူး ဒေါက်တာဝေဆင့်ကျော်က သွေးလွန်တုတ်ကွေးရောဂါကာကွယ်ရေး သိမှတ်စရာ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးမျိုးမင်းသန်းက အားကစားနှင့် လူငယ်ရေးရာအကြောင်းကိုလည်းကောင်း၊ ရွှေရောင်သမိုင်းလူမှုကယ်ဆယ်ရေးအသင်း ခရိုင်ကိုယ်စားလှယ်ဦးဇွဲရန်နိုင်က လူငယ်ရေးရာအကြောင်းအရာများကို ဟောပြောဆွေးနွေးကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် နည်းပြချုပ်ဦးခင်မောင်ဝင်း ဦးဆောင်သည့်အဖွဲ့က မြန်မာ့ရိုးရာခြင်းလုံးခတ် သရုပ်ပြခြင်းကိုဆောင်ရွက်ပြီး မြန်မာ့ရိုးရာခြင်းလုံးဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသူရိန်မင်းက ကျောင်းအတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လူမူ့ရေးအသင်းအဖွဲ့များ ဆရာ/ဆရာမများနှင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)