လဲချား သြဂုတ် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(လဲချား)ခန်းမတွင်ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဝင် မြို့နယ်ရဲမှူးရဲထွန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်မြတ်သူက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိ ဒေါ်ဇင်နွယ်ဌေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာအကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောပွဲသို့ (Grade -10, Grade -11, Grade-12)ကျောင်းသား/ကျောင်းသူ (၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)