ကျောက်ဆည် ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက Resources Group Trading Company Ltd နှင့် Ideal Business Success Company Ltd တို့ထံမှ ရည်ညွှန်းဈေး(၆၁၇၀)ကျပ်ဖြင့် ဝယ်ယူရရှိသော စားအုန်းဆီများအား ပြည်သူများထံသို့ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စားအုန်းဆီမျးရောင်းချရာတွင် ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဝင်များဖြစ်သည့် မီဇန်၊ နယူဖန်စီ၊ အေးချမ်းသူ၊ နေလသုခ၊ ကျော်ကျော်မင်းဒေါ်ဇာ၊ အနန္ဒဂုဏ်ရောင်၊ ဒေါ်လာ၊ ဗိုလ်တစ်ထောင်၊ စစ်ငြိမ်း၊ ဦးသန်းဌေး၊ ယံယံ၊ အမေထွားစားသုံးဆီ လက်လီ၊ လက်ကားရောင်းဝယ်ရေးဆိုင်များမှ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၂၅)နေရာတွင်လည်းကောင်း၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၃)နေရာတွင်လည်းကောင်း၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၁)နေရာတွင်လည်းကောင်း၊ ပုလိပ်မြို့နယ်(ခွဲ)အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၂)နေရာတွင်လည်းကောင်း၊ ကူမဲမြို့နယ် (ခွဲ)အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၁)နေရာတွင် ရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိခဲ့သော စားအုန်းဆီ(၉၀၂၀)ပိဿာအား အိမ်ထောင်စု(၁)စုလျှင် စားအုန်းဆီ(၁) ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)