ပုသိမ်ကြီး ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက အဆိုပါဦးစီးဌာနရှိ ပံသုကျီခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်းနည်းပြဆရာ ဓာတ်ပုံကျွမ်းကျင်-၂ က သတင်းဗီဒီယိုရိုက်ကူးနည်း၊ Power Director software အသုံးပြု၍ တည်းဖြတ်နည်းတို့ကို အသေးစိတ်ရှင်းလင်းပြသခဲ့သည်။
အဆိုပါသင်တန်းကို ဩဂုတ်လ ၂၈ ရက်နေ့မှ စ၍ ၂ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး၊ မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများမှ စာရေးဝန်ထမ်းများ၊ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို