တံတားဦးမြို့နယ်တွင် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာသွင်းအားစု အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး

တံတားဦး ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ တရားဝင်မှတ်ပုံတင်၍ ရောင်းချနေသော ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာသွင်းအားစု အရောင်းဆိုင်များအား ဥပဒေနှင့်အညီ ရောင်းချမှုရှိ ၊ မရှိ၊ တားမြစ်ကန့်သတ်ထားသော ဓာတုပစ္စည်းများ ရောင်းချမှု ရှိ၊ မရှိကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးကနေဒီထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက်(၉)နာရီအချိန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်အတွင်းရှိ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာသွင်းအားစု အရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးမြို့နယ်ရှိ (CPA) လက်မှတ်ရရှိမှသာ ပိုးသတ်ဆေး ရောင်းချသင့်ပါကြောင်း၊ တောင်သူများ ရောင်းချပါက ပိုးသတ်ဆေးအကြောင်း အသိပညာပေးပြီးမှ ရောင်းချသင့်ပါကြောင်း၊ ဒါ့အပြင် ဓာတ်မြေဩဇာများနှင့် သွင်းအားစုများကို သတ်မှတ်ဈေးနှုန်းဖြင့်သာ ပြန်လည်ရောင်းချပြီး ရောင်းချမှုစနစ်အား မှတ်တမ်းထားရှိပြီး စနစ်တကျ ရေးသွင်းပေးရန် လိုအေပ်ပါကြောင်း  အသိပညာပေး ဆွေးနွေးကြသည်။

တံတားဦးမြို့နယ်အနေဖြင့် စိုက်ပျိုးရေးအတွက် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ သွင်းအားစုအရောင်းဆိုင်များအား အသစ်ဖွင့်လှစ်ရောင်းချလိုပါက မြို့နယ်စိုက်ပျိုးဦးစီးဌာနတွင် လာရောက်၍ မှတ်ပုံတင်ပြုလုပ် ဆောင်ရွက်ရန်လိုကြောင်းလည်း သိရသည်။

ဦးရဲတင့်(ပြန်/ဆက်)