အောင်မြေသာစံမြို့နယ်တွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တတိယအကြိမ်ညီလာခံ၊ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး (၂၀၂၄)နှင့် စာပေဆုများ ချီးမြှင့်ပွဲအခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ

မန္တလေး ဩဂုတ်၂၉

အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တတိယအကြိမ်ညီလာခံ၊ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး(၂၀၂၄)နှင့် စာပေဆုများချီးမြှင့်ပွဲအခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

စာပေညီလာခံထပ်ဆင့်ရှင်းလင်းပွဲသို့ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်း၏ နာယကများ၊ ဥက္ကဋ္ဌ ဦးမော်စန်း(မြောက်ပြင်တော်ကကိုရွှေမော်)၊ အတွင်းရေးမှူး ဦးမြဝေ(ယောမင်းကြီး)နှင့်အမှုဆောင်များ၊ အသင်းဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

အစီအစဉ်အရ မြို့နယ်စာရေးဆရာအသင်းနာယက ဦးကံလှ(မောင်လူလှ-ဇေယျာဦး)က အမှာစကားပြောကြားပြီးဥက္ကဋ္ဌ ဦးမော်စန်းက မုဒိတာစကားပြာကြားသည်။ ထို့နောက် မြန်မာနိုင်ငံစာရေးဆရာအသင်း၊ တတိယအကြိမ်ညီလာခံ၊ ဗဟိုဦးစီးအဖွဲ့အစည်းအဝေး (၂၀၂၄) နှင့် စာပေဆုများချီးမြှင့်ပွဲအခမ်းအနား ထပ်ဆင့်ရှင်းလင်းပွဲ)သို့ တက်ရောက်ခဲ့သည့် ဦးမောင်မောင် (မောင်မောင်-မန္တလေးတက္ကသိုလ်)က အစည်းအဝေးအတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက မြို့နယ်စာရေးဆရာအသင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသီးသီးအကြံပြုဆွေးနွေးပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)