မိုးနဲ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် အများပြည်သူအနေဖြင့် စက်သုံးဆီများဝယ်ယူသုံးစွဲရာတွင် အရည်အသွေးစံချိန်စံညွှန်းကိုက်ညီမှုနှင့် အချိန်အတွယ်ပြည့်မီမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စက်သုံးဆီဈေးနှုန်း စောင့်ကြည့်ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စက်သုံးဆီဈေးနှုန်း စောင့်ကြည့်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစား၊ သတ်မှတ်အရည်အသွေးနှင့် အချိန်အတွယ်ကိုက်ညီ မှန်ကန်မှု ရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ/ မရှိ၊ မီးဘေးအန္တရာယ်ကာကွယ်ရေးကိစ္စရပ်များ ကြိုတင်ဆောင်ရွက်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)