လှိုင် ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဥပဒေဆိုင်ရာမှုခင်းများနှင့်ပတ်သက်၍ သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားပြီး လှိုင်မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိက မှုခင်းဖြစ်စဉ်များသည် နေရာဒေသအချိန်အခါမရွေး ဖြစ်ပေါ်နိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစဉ်သတိပြုဆင်ခြင် နေထိုင်ရမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းဖြစ်ပေါ်ခဲ့သည့် မှုခင်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဟောပြောပွဲကို ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုးသားရေးသွင်ပြင်များကို ထိန်းသိမ်းမှတ်သားလိုက်နာတတ်စေရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)