ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၆/၂၀၂၄)ကြိမ်မြောက် အစည်းအဝေး ကျင်းပ

တောင်ကြီး သြဂုတ် ၂၉

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၆/၂၀၂၄)ကြိမ်မြောက်အစည်းအဝေးကို ယမန်နေ့ နံနက်(၈)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရှမ်းပြည်နယ်ရင်းနှီးမြှပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေပြီး ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရေးဆောင်ရွက်ပေးရန်အတွက်လည်း ကော်မတီဝင်များသာမက ဆက်စပ်ဦးစီးဌာန၊ လုပ်ငန်းများအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးလေးနိုင်က Aramaw (NyaungShwe) Co.,Ltd ၏ ဒုတိယအကြိမ်တည်ဆောက်ရေး ကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာမှုနှင့် SanYangPaper SanYang Paper MillIntemational Co., Ltd ၏ လုပ်ငန်းယာယီရပ်နားခွင့်ပြုပါရန် တင်ပြလားခြင်းအပေါ် ရှင်းလင်းတင်ပြခဲ့သည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များမှ ဆွေးနွေး၍ အထွေထွေဆွေးနွေးကြရာ ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး ပြည်နယ်ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလေးနိုင်က ရှမ်းပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုးပေးသွင်းရန်ကျန်ရှိသူများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြုပြီး ရှမ်းပြည်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားကြောင်း သိရသည်။

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခု ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာ (၁၆.၁၆၃)သန်းနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၅)ခု ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ (၇.၅၉၂)သန်းအပါအဝင် ကျပ်သန်း (၄၆၂၁၆.၃၀၁)ကို ခွင့်ပြုပေးထားခဲ့ပြီး ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ပြည်တွင်း (၁၄၈၄)ဦးနှင့် ပြည်ပ (၆၈)ဦးကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)