လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

လယ်ဝေး သြဂုတ် ၂၉

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာ​မကြီး ဒေါ်စန်းစန်းကြူက အမှာစကား ​ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်​ဝေကြည်စန်းအောင်က လူငယ်စကားဝိုင်း ကျင်းပရ​ခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်း ကျင်းပရာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade- 11 မှ မမြတ်နိုးဝေက လူငယ်နှင့် စာဖတ်ခြင်း ၊Grade.11 မှ မသံယောဇဥ်က လူငယ်နှင့်​ နည်းပညာ ၊ Grade.10 မှ မသဉ္ဇူမှူးဝေက လူငယ်နှင့် ယဥ်ကျေးမှု၊ Grade.10 မှ မောင်သီဟစည်သူက လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူလေးများ၏ မေးခွန်းများအား ပြန်လည်ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်များ စာဖတ်ရှိန်မြှင့်တင်​ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲအား ကျောင်းသား/ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)