အောင်မြေသာစံ ဩဂုတ် ၂၉
အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ(အရှေ့)ရပ်ကွက်၊ ၁၁ လမ်း × ၇၇ လမ်းထောင့်ရှိ စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက်မှ စာကြည့် တိုက်ကော်မတီနှင့် တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့အား စိန်ကမ္ဘာအလင်းရောင်စာကြည့်တိုက် အလုပ်အမှုဆောင်အဖွဲဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် အလုပ်အမှုဆောင်များက တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းထားသော အလှူငွေကျပ်သိန်းငါးဆယ်ဖြင့် ပရိဘောဂများ ဝယ်ယူဖြည့်တင်းမှု၊ အဆောက်အဦပြုပြင်ထားမှု၊ စာအုပ်စာစောင်များ ဝယ်ယူဖြည့်ဆည်းထားမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့တွေ့ဆုံရာသို့ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလင်း၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့်ဝန်ထမ်းများ၊ စိန်ကမ္ဘာအလင်းရောင် စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်း၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာပေချစ်သူများ တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)