ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဥပဒေဆိုင်ရာ မှုခင်းအသိပညာပေးဟောပြောပွဲပြုလုပ်

ကျိုက်ထို ဩဂုတ် ၂၈

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဥပဒေဆိုင်ရာ မှုခင်းများနှင့် ပတ်သက်၍ သိရှိနားလည်စေရန် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး ဆန်းနိုင်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းဇော်ဦးမှ မှုခင်းဖြစ်စဉ်များသည် နေရာဒေသအချိန်အခါမရွေး ဖြစ်ပေါ်နိုင်သည့်အတွက် ကျောင်းသားကျောင်းသူများအနေဖြင့် အစဉ်သတိပြုဆင်ခြင်‌နေထိုင်ရမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းဖြစ်‌ပေါ်ခဲ့သည့် မှုခင်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျိုက်ထိုမြို့နယ် ဥပဒေအရာရှိ ဦးထင်အောင် ကမှုခင်းဆိုင်ရာဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းက လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းမောင်