ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်ဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင် ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်သော မြို့နယ်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ လူမှုကူညီရေးအသင်းအဖွဲ့ဝင် ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့နံနက် ၀ နာရီ ၃၀ မိနစ်မှစတင်ကာ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၁၇ ရပ်ကွက်နှင့် ရွာသာကြီးစက်မှုဇုန်ရှိစက်ရုံများ၊ စက်ရုံအနီးပတ်ဝန်းကျင်တွင် စျေးရောင်းချနေသော လမ်းဘေးစျေးသည်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ ကာကွယ်နှိမ်နင်းနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေဦးဆောင်သောအဖွဲ့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်‌ရေးမှူးရုံး တာဝန်ရှိသူများ မြို့နယ်စည်ပင်သာယာ ကျန်းမာ‌ရေးတာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့များပူးပေါင်း၍ အစားအသောက်များ သန့်ရှင်းမှုရှိမရှိစစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စက်ရုံတာဝန်ခံများအား စက်ရုံလုပ်သားများ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ကာကွယ်တားဆီးနိုင်ရန်အတွက် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

နေမျိုးအောင်