အမရပူရမြို့နယ် အိုးတော်အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အမရပူရ  ဩဂုတ် ၂

အမရပူရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမရပူရမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အဆိုပါမြို့နယ်ရှိ အိုးတော်အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ကျင်းပခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှက  ဗဟုသုတကြွယ်ဝစေဖို့ စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေဝင်းထွန်းက လူငယ်နှင့်အားကစား အကြောင်းသိကောင်းစရာများကို အသီးသီးဟောပြောကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ထို့နောက် မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများအတွက် ပိုက်ကျော်ခြင်း၊ ၃ လုံးနှင့်ဘော်လီဘော ၁ လုံး အစရှိသည့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းက လက်ခံရယူပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)