ညောင်ဦး ဩဂုတ်၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကွက် စိုက်ပျိုးမည့်တောင်သူများအား ပံ့ပိုးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၊တောင်သူပညာပေးအဆောင်တွင် ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီက မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက် စိုက်ပျိုးမည့်တောင်သူများပံ့ပိုးပစ္စည်းများ ပေးအပ်ရခြင်း ရည်ရွယ်ချက်တို့အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်စီမံအဖွဲ့ဝင် ဦးသိန်းအောင်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီတို့က မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးစံပြကွက်(၂၅)ဧကအတွက် ယူရီယားမြေဩဇာ (၂၅)အိတ်၊ မျိုးစပါး(၂၅)အိတ်၊ ကျောက်မှုန့်မြေဩဇာ (Gypsum) (၂၅)အိတ်၊ YSR-1 စိုက်ပျိုးမည့် တောင်သူများအား ပိုတက်မြေဩဇာတို့အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း