လွိုင်လင်မြို့နယ် လွိုင်မုံမိုင်းကျေးရွာ ကျေးရွာစာကြည့်တိုက်တည်ဆောက်ရေး ပန္နက်တင်အခမ်းအနားကျင်းပ

လွိုင်လင် ဩဂုတ် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ လွိုင်မုံမိုင်းကျေးရွာ ကျေးရွာစာကြည့်တိုက်တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ‌စာကြည့်တိုက် ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပပါသည်။

အဆိုပါ ပန္နက်တင်မင်္ဂလာအချိန်တွင် ခရီုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် ဌာနဆိုင်ရာများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူပြီးနောက် ပန္နက်တိုင်များစိုက်ပေးကြသည်။ ယင်းနောက် တာဝန်ရှိသူများက အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

အဆိုပါကျေးရွာစာကြည့်တိုက်သည် ၂၀ ပေ × ၁၉ ပေ တစ်ထပ် အုတ်ညှပ်သွပ်မိုး အဆောက်အဦဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး