ကမာရွတ်မြို့နယ်၊ ရန်ကုန်အ​ဝေးသင်တက္ကသိုလ်တွင် ဥပ​ဒေဆိုင်ရာအသိပညာ​ပေး​ဟောပြောကျင်းပ

ရန်ကုန် သြဂုတ် ၂၈

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ၂၀၂၄ ပညာသင်နှစ် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲ သြဂုတ်လ ၂၅ ရက်​နေ့ည​နေပိုင်းက ရန်ကုန်အ​ဝေးသင်တက္ကသိုလ်၌ ကျင်းပခဲ့ပါသည်။

ထို့​နောက်ဟော​ပြောပွဲတွင် ရန်ကုန်အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ မူးယစ်ဆေးဝါးဥပဒေ၊ လောင်းကစားဥပဒေ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် ဥပဒေဆိုင်ရာအခြေခံများကို သိရှိနိုင်ရေးအတွက် ဥပဒေပညာဌာနပါမောက္ခ၊ ဒေါက်တာသီတာထွန်းမှ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ ကို ဟောပြောပို့ချခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ပါမောက္ခချုပ်ဆရာမကြီး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီးနှင့် ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ သိပ္ပံလက်တွေ့သင်တန်းတက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

 အလားတူ ဥပ​ဒေဆိုင်ရာအသိပညာ​ပေး​ဆွေး​နွေးပွဲကို သြဂုတ်လ ၁၅ ရက်​နေ့ကလည်း ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်ဆက်)