ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် “မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု” ခေါင်းစဉ်ဖြင့် ဟောပြော‌ဆွေး‌နွေးပွဲ ကျင်းပ

ပြင်ဦးလွင် ဩဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် “မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ဩဂုတ်၆ ရက်နေ့‌ နေ့လယ် (၂:၃၀)အချိန်က ကျင်းပရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှုအခြေခံများ၊ မီဒီယာသိနားလည်မှု၏ အရေးကြီးပုံနှင့် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောချက်များနှင့်ပတ်သတ်၍ ကျောင်းသား/သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ကျောင်းသား/သူ(၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)