မိုင်းတုံ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဒေသဆိတ်(၅၅)ကောင်(မွေးဘဏ်စနစ်) ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်က မိုင်းတုံမြို့နယ်၊ ပါမကျေးရွာရှိ ခရီးသွားများ နားနေဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မိုင်းဆတ်ခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်မှူး ဒေါက်တာနိုင်ထွန်းဦးကလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက လည်းကောင်း အဖွင့်အမှာစကားပြောကြာပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြိုးဝေးက ဒေသဆိတ် (၅၅) ကောင် (မွေးဘဏ်စနစ်) ဖြန့်ဖြူးပေးအပ်ခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြီးနောက် ဒေသဆိတ် (၅၅) ကောင်ကို အိမ်ထောင်စု (၅) စုအား အိမ်ထောင်တစ်စုလျှင် ဆိတ်မ (၁၀) ကောင်နှင့် ဆိတ်ထီး (၁) ကောင်း၊ စုစုပေါင်း (၁၁) ကောင်နှုန်းဖြင့် ခရိုင်မှူး ဒေါက်တာနိုင်ထွန်းဦးကလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးကလည်းကောင်း၊ မြို့နယ်ရဲမှူးမြင့်အောင်ကလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမှဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းကလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြိုးဝေကလည်းကောင်း အသီးသီးပေးအပ်ရာ အိမ်ထောင်စု တစ်စုခြင်းမှ လက်ခံရယူခဲ့ကြသည်။ ယင်းဒေသဆိတ် (၅၅) ကောင် (မွေးဘဏ်စနစ်) ဖြန့်ဖြူးပေးထားသည့် ဆိတ်များကို (၂) နှစ်ပြည့်ပါက ယူထားသည့် အကောင်ရေတိုင်း ပြန်လည်အပ်နှံ့ပေးရမှာဖြစ်ကြောင်းနှင့် ပြန်လည်အပ်နှံ့ထားသော ဆိတ်များကို ကျန်အိမ်ထောင်စုများကို အလှည့်ကျစနစ်ဖြင့် (မွေးဘဏ်စနစ်) ဖြန့်ဖြူးပေးသွားမှာဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်ဖြိုးဝေထံမှ သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)