နမ့်စန်တွင် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

နမ့်စန်() ဩဂုတ် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အသင်းဥက္ကဋ္ဌ  ဦးကျော်ရွှေက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်က အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြသည်။

ထို့နောက် အသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမွန်တို့က တောင်တန်းလူငယ်လူမှုကူညီရေးအသင်းနှင့် မေတ္တာရှင်နာရေး ကူညီမှု အသင်းတို့ထံ အလှူငွေ ကျပ်တစ်သိန်းစီ ပေးအပ်လှူဒါန်းခဲ့ပြီး အသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါ သမဝါယမအသင်းစု၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ၊ အသင်းစုဥက္ကဋ္ဌ ဦးကျော်ရွှေနှင့် အခြေခံသမဝါယမအသင်း (၄၆) သင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအပြီးတွင် အသင်းဝင်များအတွက် အစုပေါ်အမြတ်ငွေ စုစုပေါင်း (၂၄၆၂၁၅၀) ကျပ်ကို တာဝန်ရှိသူများက စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)