ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဩဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာချိုချိုမြတ်အောင်က ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းများနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့်အဖွဲ့ဝင်များက ကျောင်းတည်နေရာလိပ်စာပြောင်းလဲခွင့်၊ မှတ်ပုံတင်ခွင့်ပြုရန် မထောက်ခံသည့် ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိက တက္ကသိုလ်များ၊ ကိုယ်ပိုင်သို့မဟုတ်ပုဂ္ဂလိကအဆင့်မြင့်ကျောင်းများနှင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းဖြင့် သင်ကြားသောကျောင်းများကိုစိစစ်ပြီး ကျောင်းစာရင်းအား အတည်ပြုနိုင်ရေး၊ Education Centre အား International School အဖြစ် ပြောင်းလဲ လျှောက်ထားခြင်းတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးဌေးအောင်က ဆွေးနွေးတင်ပြမှုများကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)